ဘာလိုလို Helloလိုက်ပါ
မင်မင်တို့ရဲ့ ” Ideal Solutions Service Company ” ဟာဆိုရင် …
SHEIN , Thai Apps , Brand Website , Line , Facebook , IG စတဲ့နေရာတွေက ပစ္စည်းတွေကို ဝယ်ယူပေးတဲ့အပြင် Bangkok မြို့ရဲ့ နာမည်ကြီး Shopping Mall တွေနဲ့ ဆိုင်တွေမှာလည်း သွားရောက် ဝယ်ယူပေးပါတယ်နော် ။
ဒါ့အပြင် ထိုင်းစက်ရုံတွေကနေ မိမိကိုယ်ပိုင် “Brand” နဲ့ ဖြန့်ချိလိုသူများအတွက်ကိုတော့ –
Body Scrub
Soap
Lipstick
Skincare
Body lotion
Shampoo
Hair conditioner
စတဲ့ အလှကုန်ပစ္စည်းမျိုးစုံကို
စက်ရုံတိုက်ရိုက်စျေးနှုန်း နဲ့ ရရှိအောင်ဆောင်ရွက်ပေးနေပါတယ်နော်။
ပစ္စည်း တစ်ခုပဲ ဝယ်ချင်တာလား
ပြန်ရောင်းဖို့အတွက် ဝယ်ချင်တာလား
” Ideal Solutions Service Company ” ကိုသာ သတိရလိုက်ပါနော်။
မင်မင်တို့ အမြတ်ပိစိလေးပဲယူပြီး Customer တွေစိတ်တိုင်းကျ ဝယ်ယူပေးတာမို့ အချစ်လေးတို့အတွက် အဆင်ပြေစေမှာပါ…
ယုံကြည်ရရဲ့လား
မင်မင်တို့က Thailand Buyer အဖြစ် လုပ်ကိုင်ခဲ့တာ (၁၄) နှစ်ရှိပါပြီ။ နာမည်ပျက်လုံးဝ မရှိဘူးနော်။
ကဲ … ထိုင်းနိုင်ငံက ဘာပဲလိုချင် လိုချင်
မြန်မာနိုင်ငံက မင်မင့်တို့ ” Ideal Solutions Service Company ” ကိုသာ သတိရလိုက်ပါလို့ ….


မြန်မာ့ကောက်ပဲသီးနှံများအား ကမ္ဘာတစ်ဝှမ်းလို့ တင်ပို့လျက်ရှိ
မြန်မာပြည်မှ လယ်ယာထွက်ကုန်များဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်၊ ငရုတ် အစရှိသော ကုန်ခြောက်ပစ္စည်းများအား အရှေ့တောင်အာရှနိင်ငံများသို့ တင်ပို့ရောင်းချချင်သော တောင်သူလယ်သမားများ၊ ကုန်သည်ကြီးများအတွက် အလွယ်ကူဆုံး သယ်သူပို့ဆောင်ပေးမည့် Ideal Solution ၏ Export Service ဖြစ်ပါသည်။
ဗီယက်နမ်၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ အစရှိသော နိင်ငံများသို့ လူကြီးမင်းတို့ တင်ပို့ရောင်းချချင်သော ကုန်စည်များအား ကုန်ကျစရိတ်သက်သာစွာဖြင့် ပို့ဆောင်ပေးလျက်ရှိပါသည်။
ထို့အပြင် ထိုင်းနိင်ငံမှ စားသောက်ကုန်၊လူသုံးကုန်၊ ကုန်ကြမ်း၊ ကုန်ချော များကို မြန်မာနိင်ငံသို့ တင်သွင်းရောင်းချချင်သော လူကြီးမင်းများအတွက်လည်း Import Service အနေဖြင့် Ideal Solution နှင့် လက်တွဲနိင်ပါသည်။
Ideal Solution ၏ Export/ Import service သည် လူကြီးမင်းတို့၏ ကုန်စည်ပစ္စည်းများကို ပို့ဆောင်လိုသော နိင်ငံဆီသို့ စိတ်ချယုံကြည်စွာ ပို့ဆောင်နိင်မည့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။
Ideal Solution ၏ ခံယူချက်မှာ-
- စိတ်ချမ်းသာစေရမည်။
- အချိန်ကုန်သက်သာစေရမည်။
- ရောက်ရှိလိုသော နေရာသို့ မြန်ဆန်တိကျစွာ ပို့ပေးနိင်ရမည်။
- ကုန်ပစ္စည်းအလေအလွင့်မရှိစေဘဲ ကုန်ကျစရိတ်သက်သာစေရမည်။
စသည်ဖြင့် ကုန်သည်တော်ကြီးများ၏ လိုအပ်ချက်များအပေါ် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။
လူကြီးမင်းတို့၏ ကုန်စည်ပစ္စည်းများကို ဘေးကင်းလုံခြုံစွာ သယ်ယူပို့ဆောင်ပေးရန်မှာ ကျွန်ုပ်တို့၏ ပထမဦးစားပေး ဖြစ်ပါသည်။




Made In Japan!
ဂျပန်မှဂျပန်သုံးချင်တဲ့ ကိုကို မမ ဦးဦးတို့အတွက် ဂျပန်madeစစ်စစ် ကုန်ကားကြီးတွေကို မှာယူချင်တယ်ဆိုရင် ဂျပန်နိုင်ငံမှတိုက်ရိုက်ဝယ်ယူ ပြန်လည်ရောင်းချပေးသော ကျွန်မတို့ရဲ့ Ideal Solution Co. Ltd ကို သတိရလိုက်ပါ
ကျွန်မတို့ရဲ့ CEO ကိုယ်တိုင် ဂျပန်နိုင်ငံသို့ ကိုယ်တိုင်သွားရောက်ဝယ်ယူခဲ့တာကြောင့် ပစ္စည်းကောင်း ဈေးသက်သက်သာသာနဲ့ ပြန်လည်ရောင်းချပေးမှာ ဖြစ်ပါတယ်ရှင်






ဂျပန်လုပ်ငန်းသုံးကား

Hey Guys! That’s Our New Fighters.
သယ်ဆောင်မှုတိုင်းအပေါ် အာမခံမှုအပြည့်ပေးနေပြီး
မတော်တဆဖြစ်ရပ်တွေကြောင့် ဖြစ်ပေါ်လာမဲ့ ဆုံးရှုံးမှုတွေကို အပြည့်အဝ တာဝန်ယူပေးနိင်တဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း တစ်ခုဟာ သင့်ရဲ့လက်တစ်ကမ်းမှာပါ။
Logistic Shipping Service တစ်ခုအနေဖြင့်
သင့်ကုန်ပစ္စည်းများကို မပျက်စီးမဆုံးရှုံးရအောင် အာမခံပေးနိင်ခြင်းဟာ အဓိက အကျဆုံး တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်ပါတယ်။
တန်ဖိုးရှိတဲ့ ကုန်စည်ပစ္စည်းတွေ နစ်နာဆုံးရှုံးမှုမဖြစ်ရလေအောင် Ideal Solution က ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်တိုင်းမှာ ထိုင်းငွေ ဘတ်တစ်သိန်းတန် အာမခံကို ဝယ်ယူထားပေးပါတယ်။
ဒါကြောင့် နစ်နာဆုံးရှုံးမှုတွေအတွက် သင်စိတ်ပူစရာမလိုတဲ့အပြင် Ideal Solutionရဲ့ Logistic Shipping Service နဲ့ဆိုရင် စိတ်အေးသက်သာစွာ သယ်ယူပို့ဆောင်နိင်ပါပြီ။
Ideal Solution ၏ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ( Logistic Shipping Service ) အနေဖြင့် ….
- နိင်ငံတစ်ကာမှ သွင်းကုန်၊ပို့ကုန်ပစ္စည်းများကို လက်ခံပေးခြင်း၊ လွှဲပြောင်းပေးခြင်း၊ သယ်သူပို့ဆောင်ပေးခြင်း။
- လုပ်ငန်းစဥ်အဆင့်ဆင့်ကို Customer များသေချာနားလည်အောင် ရှင်းပြပေးခြင်း၊ Transit ကုန်ပစ္စည်းများကို သေချာစွာလက်ခံ၍ သယ်ယူပို့ဆောင်ပေးခြင်း။
- Customer များအဆင်ပြေစေရန် payment deposit များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း။
- ထိုင်းနိင်ငံအတွင်း ပို့ကုန်၊သွင်းကုန်များအတွက် လိုအပ်မည်ဖြစ်သော စာရွက်စာတမ်းကိစ္စများအား တိကျမြန်ဆန်စွာ လုပ်ဆောင်ပေးခြင်း။
- ထိုင်းနိင်ငံမှ နိင်ငံတစ်ကာသို့ ကုန်စည်ပစ္စည်းပို့ဆောင်ခြင်းကိုလည်း ဆောင်ရွက်ပေးခြင်း။
စသည့်ဝန်ဆောင်မှုများကို နွေးထွေးပျူငှာစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ပို့ဆောင်ရာတွင်လည်း
- ဘန်ကောက်ဆိပ်ကမ်းမှ မြဝတီမြို့သို့
- မြဝတီမြို့မှ ဘန်ကောက်ဆိပ်ကမ်းသို့
- ဗီယက်နမ်ဆိပ်ကမ်းမှမြဝတီမြို့သို့
- မြဝတီမြို့မှ ဗီယက်နမ် ဆိပ်ကမ်းသို့
- လာအိုဆိပ်ကမ်းမှ မြဝတီမြို့သို့
- မြဝတီမြို့မှ လာအိုဆိပ်ကမ်းသို့
- မလေးရှားဆိပ်ကမ်းမှ မြဝတီမြို့သို့
- မြဝတီမြို့မှ မလေးရှားဆိပ်ကမ်းသို့ စသည်ဖြင့် အပြန်အလှန် ပို့ဆောင်ပေးလျက်ရှိပါတယ်။
ကုန်စည်ပစ္စည်းများ ဘေးကင်းလုံခြုံစွာ သယ်ယူပို့ဆောင်နိင်ရေးမှာ ကျွန်ုပ်တို့ရဲ့ ပထမဦးစားပေးဖြစ်တာကြောင့် Ideal Solution နှင့်အတူ ယုံကြည်စိတ်ချစွာ လက်တွဲမယ်ဆိုရင် သင့်ယုံကြည်မှုကို စိတ်မပျက်စေရဖို့ အာမခံနိင်ပါတယ်။